Thursday, September 2, 2010

စင်သီယာ (၃)

ငါမပြောတော့ဖူး

မင်းဦးနှောက်နွံအိုင်တော့မှာ

ဘောဂဗေဒဇယားချပ်တွေ

မျက်တောင်ခတ်တဲ့ ကိန်းဂဏန်းတွေ

"ငွေ...ငွေ....ငွေ" (မင်းတို့)

ဆိုနေကျသီချင်းတစ်စမို့

ငါအလွတ်ရနေပြီ

ဒီအမှိုက်ပုံထဲ၊ ငါကိုမဆွဲနဲ့ စင်သီယာ ငါမလာနိုင်ဖူး

စူးစူးဝါးဝါးအော်ဟစ်

ချွေးမိုးအောက်နစ်ပါစေ

မင်းပြုံးနေ စင်သီယာ

ငါမပြောတော့ဖူး။
[သျှပ်မှူးကျော် (ထူးအိမ်သင်)]

ရီလေတီဗီတီ သီအိုရီ

ယောကျာင်္းကလေးများအဖို့
တစ်ထွာသော ဆံပင်သည်
အရှည်ကြီးဖြစ်၏။
မိန်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
တိုတိုကလေးဖြစ်၏။

ဘတ်စ်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
အဝေးကြီး ဖြစ်၏။
ကိုယ်ပိုင်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
နီးနီးကလေးဖြစ်၏။

တောင်အောက်မှ လူအဖို့
ထိုလမ်းသည်
အတက်ဖြစ်၏။
တောင်ပေါ်မှ လူအဖို့
ထိုလမ်းသည်
အဆင်းဖြစ်၏။

ညအဖို့
၁၂ နာရီသည် သန်းခေါင်ယံ ဖြစ်၏။
နေ့အဖို့
၁၂ နာရီသည် မွန်းတည့်ဖြစ်၏။

လူကြီးများအဖို့
အချစ်သည် အတိတ်ဖြစ်၏။
လူငယ်များအဖို့
အချစ်သည် အနာဂတ်ဖြစ်၏။

(မင်းလူ)