(၁)
ကျောက်ဂူထဲက
တလှမ်းခြင်း ထွက်လာတဲ့
ကြေးဝါရောင်ခြင်္သေ့ တကောင်လိုပဲ
၁၉၉၁ ရဲ့ ဒီဇင်ဘာ (၁၀)ရက်ဟာ
နေခြည်မျင်စတွေကို လည်ဆံမွှေးတွေလို ခါချရင်း
လူ့လောကထဲ တိုးဝင်လာခဲ့ပြီ။
သူ့ဖိနပ်ကိုကျစ်တဲ့ကြိုးနဲ့ ငါတို့ကိုစိုးမိုးတုပ်ခတ် ဘီလူးအိပ်မက်မှာ ညတွေနက်ပြီးရင်းနက်ခဲ့ပြီ။
· ငါတို့ရဲ့တော်လှန်နိုင်ငံဟာ အာရှရဲ့မုတ်သုန်စီးကြောင်းအောက်မှာ စစ်ခမောက်တစ်လုံးမှောက်ထားသလို မီးခိုးညိုတွေအူထွက် အဲဒီအထဲကမှ ငါကအားယူနိုးထလျှက်ပေါ့။
· ဒီနေ့ဟာ သံလွင်ခက်တွေ သက်ဝင်မဲ့နေ့ ရာဇ၀င်မှာ ရွှေလိုစင်ကြယ်တဲ့နေ့ပါပဲ။
· ငါ့ရင်ထဲမှာမွှေးမြသင်းရီ ငါ့နိုင်ငံမှာလင်းပစွေးနီ ငါတို့ချစ်သော အို…အောင်ဆန်းနှင်းဆီ။
(၂) · ဘုန်းကြီးသင်္ဃန်းတွေကို ချွတ်ပြီ လူသေပတ်တဲ့ အ၀တ်လုပ်သူတွေက နိုင်ငံတော်အာဏာကို သေနတ်အိတ်ထဲကထုတ်ကြည့်နေလေရဲ့။
· အရိုးနဲ့ဆောက်တဲ့ အုတ်ဂူမှာ ယမ်းငွေ့သွေးမြူတွေ အုံဆိုင်း သည်မြေကိုရိုင်းအောင် လုပ်ရက်ကြတယ် ဟေး..ပွင့်စမ်း ဝေစမ်း ရဲရင့်စမ်း ငါတို့ ချစ်သောအောင်ဆန်းနှင်းဆီ။
· ငြိမ်းချမ်းရေးကို မြတ်နိုးသူဟာ သံချပ်ကာအင်္ကျိံ ၀တ်ထားသင့်သလား သားသတ်သမားနဲ့ ဘုရားသခင်ကိုငါမေးချင်တယ်။
· ဒါတော်လှန်ရေး တော်လှန်ရေးမှာအေးစက်မှုန်ဝါး အောင်ဆန်းနှင်းဆီနေ့များ အောင်ဆန်းနှင်းဆီညများ ပြည်သုကြားမှာလွင့်ပါးလှုပ်ခတ် အနာဂတ်မိုးကြီးရွာလိမ့်မယ် အနာဂတ်မိုးကြီးရွာတော့မယ်ကွယ်။
(၃) · ဒီကဗျာကိုငါရေးတာ သူမအတွက် ဘုန်းတော်ဘွဲ့တင်ဆက်တာမဟုတ်ဘူး တော်လှန်ရေးကို အာဇာနည်ကုန်းပေါ်က တက်အလေးပြုတာဖြစ်တယ်။
· တောင်စွယ်နေကွယ်ချိန် လူသတ်ကုန်းမှာ ငါလိုရာသာတောင်းခွင့်ရရင် မင်းတို့ဘုရင်နဲ့ စီးချင်းထိုးချင်တယ်လို့ပဲ ငါပြောမိလိမ့်မယ်။
· ပြန်စဉ်းစားရင် မိခင်ရဲ့ မျက်နှာမှာ ဓါးခုတ်ရာအမာရွတ်ကိုတွေ့ရသလိုပဲ အသည်းနာလွန်းလှတယ်။ · ငြိမ်းချမ်းရေးစောင်းကြိုးနဲ့ ဟိုးအဝေးကစစ်ခရာ လောကမှာဘယ်သူလင်းပြာစေမလဲ ဆက်လျှေက် ဆက်ကြိုးစား အမှန်တရားဆိုတာဘယ်သူမှ အလကားမရဘူး။
· လျှေက်ရဲသူအတွက် လမ်းဆိုတာ မနက်ဖြန် နေထွက်ချိန်တိုင်းမှာရှိတယ်။
· ကြောက်တက်သူလက်နက်ချစတမ်းဆိုရင် ငါရေးတဲ့ ဒီနှင်းဆီကဗျာဟာဓါးဖြစ်လာလိမ့်မယ် ထက်မြစိမ်းဝင်း သတ္တိအဆင်းတို့လွှမ်းခြုံ အရှေ့စူးစူးရောင်ခြည်ခူးဖို့ ငါ့တို့အားလုံးဦးလည်မသုန်.. ငါ့တို့အားလုံးဦးလည်မသုန်.. ငါ့တို့အားလုံးဦးလည်မသုန်။ ။
ရွှေဘုန်းလူ(ခ)တာရာမင်းဝေ (၁၉၉၁၊ ဒီဇင်ဘာ)
သူ့ဖိနပ်ကိုကျစ်တဲ့ကြိုးနဲ့
ငါတို့ကိုစိုးမိုးတုပ်ခတ်
ဘီလူးအိပ်မက်မှာ
ညတွေနက်ပြီးရင်းနက်ခဲ့ပြီ။
· ငါတို့ရဲ့တော်လှန်နိုင်ငံဟာ
အာရှရဲ့မုတ်သုန်စီးကြောင်းအောက်မှာ
စစ်ခမောက်တစ်လုံးမှောက်ထားသလို
မီးခိုးညိုတွေအူထွက်
အဲဒီအထဲကမှ ငါကအားယူနိုးထလျှက်ပေါ့။
· ဒီနေ့ဟာ
သံလွင်ခက်တွေ သက်ဝင်မဲ့နေ့
ရာဇ၀င်မှာ ရွှေလိုစင်ကြယ်တဲ့နေ့ပါပဲ။
· ငါ့ရင်ထဲမှာမွှေးမြသင်းရီ
ငါ့နိုင်ငံမှာလင်းပစွေးနီ
ငါတို့ချစ်သော
အို…အောင်ဆန်းနှင်းဆီ။
(၂)
· ဘုန်းကြီးသင်္ဃန်းတွေကို ချွတ်ပြီ
လူသေပတ်တဲ့ အ၀တ်လုပ်သူတွေက
နိုင်ငံတော်အာဏာကို
သေနတ်အိတ်ထဲကထုတ်ကြည့်နေလေရဲ့။
· အရိုးနဲ့ဆောက်တဲ့ အုတ်ဂူမှာ
ယမ်းငွေ့သွေးမြူတွေ အုံဆိုင်း
သည်မြေကိုရိုင်းအောင် လုပ်ရက်ကြတယ်
ဟေး..ပွင့်စမ်း ဝေစမ်း ရဲရင့်စမ်း
ငါတို့ ချစ်သောအောင်ဆန်းနှင်းဆီ။
· ငြိမ်းချမ်းရေးကို မြတ်နိုးသူဟာ
သံချပ်ကာအင်္ကျိံ ၀တ်ထားသင့်သလား
သားသတ်သမားနဲ့ ဘုရားသခင်ကိုငါမေးချင်တယ်။
· ဒါတော်လှန်ရေး
တော်လှန်ရေးမှာအေးစက်မှုန်ဝါး
အောင်ဆန်းနှင်းဆီနေ့များ
အောင်ဆန်းနှင်းဆီညများ
ပြည်သုကြားမှာလွင့်ပါးလှုပ်ခတ်
အနာဂတ်မိုးကြီးရွာလိမ့်မယ်
အနာဂတ်မိုးကြီးရွာတော့မယ်ကွယ်။
(၃)
· ဒီကဗျာကိုငါရေးတာ
သူမအတွက် ဘုန်းတော်ဘွဲ့တင်ဆက်တာမဟုတ်ဘူး
တော်လှန်ရေးကို
အာဇာနည်ကုန်းပေါ်က
တက်အလေးပြုတာဖြစ်တယ်။
· တောင်စွယ်နေကွယ်ချိန်
လူသတ်ကုန်းမှာ
ငါလိုရာသာတောင်းခွင့်ရရင်
မင်းတို့ဘုရင်နဲ့ စီးချင်းထိုးချင်တယ်လို့ပဲ
ငါပြောမိလိမ့်မယ်။
· ပြန်စဉ်းစားရင်
မိခင်ရဲ့ မျက်နှာမှာ
ဓါးခုတ်ရာအမာရွတ်ကိုတွေ့ရသလိုပဲ
အသည်းနာလွန်းလှတယ်။
· ငြိမ်းချမ်းရေးစောင်းကြိုးနဲ့ ဟိုးအဝေးကစစ်ခရာ
လောကမှာဘယ်သူလင်းပြာစေမလဲ
ဆက်လျှေက်
ဆက်ကြိုးစား
အမှန်တရားဆိုတာဘယ်သူမှ အလကားမရဘူး။
· လျှေက်ရဲသူအတွက် လမ်းဆိုတာ
မနက်ဖြန် နေထွက်ချိန်တိုင်းမှာရှိတယ်။
· ကြောက်တက်သူလက်နက်ချစတမ်းဆိုရင်
ငါရေးတဲ့ ဒီနှင်းဆီကဗျာဟာဓါးဖြစ်လာလိမ့်မယ်
ထက်မြစိမ်းဝင်း
သတ္တိအဆင်းတို့လွှမ်းခြုံ
အရှေ့စူးစူးရောင်ခြည်ခူးဖို့
ငါ့တို့အားလုံးဦးလည်မသုန်..
ငါ့တို့အားလုံးဦးလည်မသုန်..
ငါ့တို့အားလုံးဦးလည်မသုန်။ ။
ရွှေဘုန်းလူ(ခ)တာရာမင်းဝေ (၁၉၉၁၊ ဒီဇင်ဘာ)
No comments:
Post a Comment