Saturday, March 3, 2012

လက်ဝဲသုန္ဒရ အမတ်ကြီး

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊
ပြည်သူ့စွမ်းအား မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့......

                                  လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံ

မင်းခုံတိုင်မြို့စား၊ မင်းကြီးအတုလမဟာဓမ္မိကရာဇာဘွဲ့ရ လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံ သည် ညောင်ရမ်းခေတ် နောက်ဆုံးမင်းဆက် မဟာဓမ္မရာဇာဓိပတိ မြှောက်စားခဲ့သော စဥ့်ကိုင်နန်းစိုက်သည့် ကိုးသိန်းသခင် သတိုးမင်းခေါင်ထံတွင် လွှတ်ရုံးစာရေးအဖြစ် မင်းမှုထမ်းဘ၀ကို စတင်ခဲ့ပြီး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၊ နောင်တော်မင်းကြီး၊ ဆင်ဖြူရှင်မင်း၊ စဥ့်ကူးမင်း၊ ဖောင်းကားစား မောင်မောင်၊ ဘိုးတော်ဘုရား၊ ဘကြီးတော်မင်းတို့ လက်ထက်တိုင် မင်းရှစ်ဆက် အမှုထမ်းခဲ့သူဖြစ်သည်။ သူသည် အလောင်းမင်းတရား၏ ခြောက်ကျိပ်ရှစ်ယောက်ရှိသော သွေးသောက်တပ်ဖွဲ့တွင် တစ်ဦးအပါအ၀င်ဖြစ်သလို တပ်တော်ရေး၊ တရားသူကြီးအပါအ၀င် ရာထူးကြီးများကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ စာပေဖက်တွင်လည်း သာမန် မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုများမှသည် ၀ိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာပျို့၊ သာဓိနပျို့နှင့် စစ်ကျမ်းများ၊ စစ်သည်တော်ကျင့်ဝတ်များအကြောင်း ရေးဖွဲ့ထားသည့် နန္ဒိသေနပျို့၊ စစ်ချီ စစ်တက် နည်းဗျူဟာများအကြောင်းရေးဖွဲ့ထားသည် သေနင်္ဂဗျူဟာပျို့၊ စစ်ဆင်နည်းများအကြောင်း ရေးဖွဲ့ထားသည့် ဗျူဟစက္ကိပျို့တို့ကို ရေးဖွဲ့ခဲ့သူဖြစ်သည်။ ထိုကဲ့သို့ လက်ရုံးရည်ရော၊ နှလုံးရည်ပါ ပြည့်ဝသည့် စာဆိုစစ်သည် စွယ်စုံပညာရှိ အကျော်အမော် လက်ဝဲသုန္ဒရ အမတ် သည် ရတု ၅၅ ပုဒ်၊ ရေးသားခဲ့သည်။

No comments:

Post a Comment